CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်း များစွာရှိနေသည်။အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မိမိဒေသ၊ မိမိလူမျိုးကို အခြေခံ ဖွဲ့စည်းထားကြပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက် ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းလျက်ရှိနေကြသည်။ တစ်ဖက်မှာလည်း တပ်မတော်က ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ဖြုတ်ချလိုက်ပြိး နိုင်ငံတော်အာဏာကို ရယူလိုက်သည့်အတွက် ဆန့်ကျင်ရေး လှုပ်ရှားမှုများဖြင့် ရင်ဆိုင်နေကြရသည်။ ထို့နောက် တပ်မတော်နှင့် လူထုလှုပ်ရှားမှုများ ထိပ်တိုက်ရင်ဆိုင်လာရပြီး ပစ်ခတ်တိုက်ခိုက်မှုများပင် ဖြစ်လာ သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တပ်မတော်ကို တိုက်ခိုက်၍ ဖြုတ်ချရေး အစီအစဉ်မှာ ပါဝင်လာရန် ဗမာတိုင်းရင်းသား အများစုက မျှော်လင့်နေကြသည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်ခဲ့သလို လက်ရှိ နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးမောင်မောင်စိုးကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက တွေ့ဆုံမေးမြန်းထားပါသည်။
#ဦးမောင်မောင်စိုး
#နိုင်ငံရေး
#စစ်ရေး
#တိုင်းရင်းသားအရေး
#လက်နက်ကိုင်တိုက်ပွဲ
#အင်တာဗျူး
#ExclusiveInterview
#CNImyanmar
#cninews
#ChannelNewsIndependent CNI TV
YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw
CNI Telegram Channel---https://t.me/ChannelNewsIndependent