CNI Exclusive Interview
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၂
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် အမေရိကန်၊ တရုတ်၊ EU နိုင်ငံများက အာဆီယံကို ဦးတည်၍ ကြိုးပမ်းလျက်ရှိသည်။ ယခု ရက်ပိုင်းအတွင်းမှာလည်း အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ အာရီဝမ်ယူဆွတ် မြန်မာနိုင်ငံသို့ လာရောက်၍ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များဖြင့် တွေ့ဆုံ ဆွေးနွေးရန် ရှိ သည်။ တချို့ကလည်း အာဆီယံသည် မြန်မာ့အရေးကို ဖြေရှင်းနိုင်မည့် အခြေအနေမရှိကြောင်း သုံးသပ်လျက်ရှိနေသလို အာဆီယံအပေါ် အားမလို အားမရဖြစ်နေကြသည်။တခြားတစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောင်းဆိုနေကြသလို တွေ့ဆုံ ဆွေးနွေးရေးကို လက်မခံ မစေ့စပ်တမ်း အပြုတ်တိုက်ရေးကို အားသန်နေကြသည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။ #ဦးအောင်သူငြိမ်း #မြန်မာ့နိုင်ငံရေး #အကျပ်အတည်း #အာဆီယံ #အဖြေရှာ #တွေ့ဆုံဆွေးနွေးရေး #မစေ့စပ်တမ်း #ExclusiveInterview #နိုင်ငံရေး #အင်တာဗျူး #CNImyanmar #cninews #ChannelNewsIndependent