News
၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၂၁
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းကို ဘယ်လို ဖြေရှင်းကျော်လွှားကြမလဲ အဖြေရှာနေကြသည်။ ထိုသို့ အဖြေရှာနေသည့် တစ်ပြိုင်တည်းမှာပဲ နစကဘက်က နိုင်ငံတော်အာဏာကို လုံးဝ ထိန်းချုပ်နိုင်ရေး ကြိုး ပမ်းနေသလို NUG ဘက်ကလည်း နစက-ကို အပြုတ်တိုက်ရေး နည်းလမ်းဖြင့် နိုင်ငံတော်အာဏာ ရယူနိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။
ထိုအခင်းအကျင်းထဲမှာ တိုင်းရင်းသား အင်အားစုဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAOs)များကို နစကအား တိုက်ခိုက်ရာမှာ NUG နှင့်အတူ ပူးပေါင်း ပါဝင်ရန် တောင်းဆိုမှုများရှိနေကြသည်။သို့သော် EAOs များသည် များပြားလွန်ပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရပ်တည်ချက်မတူညီကြသလို အကျိုးစီးပွားလည်း မတူညီကြခြင်းနှင့် မိမိတို့အဖွဲ့ ရပ်တည်နေသော အိမ်နီးချင်းနိုင်ငံ၏ သဘောထား အခြေအနေများကလည်း မတူညီကြပေ။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ဝင်လည်းဖြစ် နိုင်ငံရေးလေ့လာသုံး သပ်သူလည်းဖြစ်သူ ဦးအေးမောင်ကျော်ကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။
#ဦးအေးမောင်ကျော်
#အင်တာဗျူး
#ExclusiveInterview
#NUG
#နစက
#EAOs
#မြန်မာ့အရေး
#စဉ်းစားချက်
#ရပ်တည်ချက်
#မြန်မာနိုင်ငံ
#စစ်တပ်
#PDF
#CNImyanmar
#cninews
#ChannelNewsIndependent
CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw
CNI Telegram Channel---https://t.me/ChannelNewsIndependent