CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၃၁

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ဗဟိုစည်ဈေး (၇၀/၇၁ ဈေး)သည် ယနေ့ ဩဂုတ်လ ၃၁ ရက်၊ နံနက် ၆ နာရီဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့ပြီး နာရီ၀က်ကျော်အကြာတွင် မီးငြိမ်းခဲ့ကြောင်း ယင်းဈေးရှိ အထည်ဆိုင်ပိုင်ရှင် ကိုဇော်မင်းက CNI သတင်းဌာနသို့ ပြောသည်။

“ပျက်စီးဆုံးရှုံးမှုကတော့ ကောက်နေတုန်းပဲ။ အထည်ဆိုင်ကနေ စလောင်တာ။ တစ်ဆိုင်လုံးကုန်တာပေါ့။ သူ့ဘေးပတ်လည် ဆိုင်တွေလည်း လောင်တာပေါ့။ ဆေးဆိုင်လည်း မီးကူးတယ်။ တစ်ချို့ဆိုင်တွေကျတော့ အပူရှိန်ကြောင့် မီးဟပ်တာပေါ့။ စက်ဆိုင်တွေဆိုရင် အပူရှိန်ကြောင့် အပ်ထည်တွေ မီးကျွမ်းတာရှိတယ်။ ဆုံးရှုံးမှုတော့ များမယ်ထင်တယ်။ အနည်းဆုံး မရှိဘူး ဆိုရင် သူ့ဆိုင်ဆိုရင် ကျပ်သိန်း ၇၀ နဲ့ ၈၀ လောက်ရှိမယ်” ဟု ၎င်းက ရှင်းပြသည်။