CNI International News

ဘေဂျင်း၊ဩဂုတ် ၂၃

ပြီးခဲ့သည့် ဇူလိုင်လမှစ၍ တရုတ်ပြည်တွင်းကူးစက်ခံရသော Covid-19 လူနာသစ်မတွေ့ရကြောင်း တရုတ် ကျန်းမာရေးအာဏာပိုင်များက ဩဂုတ် ၂၃၊ ယနေ့သတင်းထုတ်ပြန်ခဲ့သည်ဟု Channel News Asia က ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်က တရုတ်ပြည်အရှေ့ပိုင်း နန်ကျင်းမြို့ရှိ လေဆိပ်လုပ်သားအနည်းငယ်တွင် တစ်နှစ်အတွင်း ပထမဆုံးကူးစက်မှုတွေ့ရပြီးနောက်ပိုင်း နောက်ထပ်ကူးစက်မှု မတွေ့ရတော့ခြင်းဟု ဆိုသည်။ ဇူလိုင်လကုန်ပိုင်းက တရုတ်နိုင်ငံတွင် ပိုးတွေ့လူနာ ၁၂၀၀ ကျော်ရှိကြောင်း တရုတ်အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။


Source: Channel News Asia


#ဇူလိုင်

#ဘဏ္ဍာရေးလုပ်ငန်

#တရုတ်ပြည်မကြီး

#COVID-19

#နန်ကျင်းမြို့

#ရောင်ဇုမြို့

#ရှန်ဟိုင်းမြို့

#ကျန်းမာရေး

#cninews

#CNIMyanmar

#ChannelNewsIndependent

Website တွင် ဖတ်ရှုရန် --- https://cnimyanmar.com/index.php/local-news/local-health/732-2021-08-23-07-20-21

CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw