CNI International News
ကဘူးလ်၊ ဩဂုတ် ၂၃
တာလီဘန်များက ကဘူးလ်မြို့တော်ကို အချိန်တိုအတွင်း သိမ်းယူပြီး ရက်သတ္တတစ်ပတ်ခန့်အကြာ အာဖဂန်ပြည်သူများသည် စားနပ်ရိက္ခာနှင့်ကုန်ဈေးနှုန်းမြင့်တက်လာခြင်း၊ ဘဏ်များပိတ်ထားခြင်းတို့ကြောင့် နေ့စဉ်ဝင်ငွေရရှိသော အလုပ်အကိုင်များ ပုံမှန်လည်ပတ်ရန် မနည်းရုန်းကန်နေရသဖြင့် စိတ်ဆင်းရဲ နေကြရကြောင်း ရိုက်တာသတင်းတစ်ပုဒ်ကို ကိုးကား၍ Channel News Asia က ရေးသားဖော်ပြသည်။
ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ကဲ့သို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရက်အနည်းငယ်အတွင်း ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တဟုန်ထိုး တက်သွားခဲ့ပြီး ဘဏ်များ ပိတ်ထားရသဖြင့် အာဖဂန်ပြည်သူ အများစုမှာ သူတို့လက်ထဲ ရှိစုမဲ့စု ငွေများကို ပြန်ထုတ်နိုင်ခြင်းလည်း မရှိပေ။ Western Union ငွေလွှဲလုပ်ငန်းလည်း ပိတ်ထားရပြီး ပြည်ပမှ ငွေလွှဲဝင်ရောက်မှု မရှိသလောက်နည်းပါးနေသည်။
Source: Reuters, Channel News Asia
#အာဖဂန်
#တာလီဘန်
#ကဘူးလ်
#နိုင်ငံတကာ
#ငွေကြေး
#ဘဏ်
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင် ဖတ်ရှုရန် --- https://cnimyanmar.com/index.php/local-news/local-business/731-2021-08-23-07-00-57
CNI TV YouTube Channel---https://www.youtube.com/channel/UCjO7yctWXGCeTFqQSV_2smw