CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၁

အောင်ဘာလေထီ ရောင်းအားမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီး ရောင်းအားကျဆင်းခဲ့ရာ ကျဆင်းသည့် အနေအထားသာ ဆက်ရှိနေမည်ဖြစ်ကြောင်း ထီရောင်းချသည့် လုပ်ငန်းရှင်များထံက သိရသည်။

ထီလုပ်ငန်းရှင် ဦး၀င်းကို (အမည်လွှဲ)က “အောင်ဘာလေထီ ရာခိုင်နှုန်းက နဂိုတုန်းက ရောင်းခဲ့တဲ့ အက္ခရာ အလုံး ၄၀ တို့ ဘာတို့က မဖြစ်နိုင်တော့ဘူး။ လက်ရှိရောင်းတာ အက္ခရာ ၂ လုံးတောင် မကုန်ဘူး။ အာဏာမသိမ်းခင်က ရောင်းတာ အလုံး ၄၀ ကို ရောင်းမလောက်ဘူး။ အခုအာဏာ သိမ်းပြီးတော့ ၂ လုံးတောင် အနိုင်နိုင်ရောင်း နေရတယ်။ အက္ခရာ ၂ လုံး၊ ၃ လုံးပဲ ၂ လုံးကျော်ပဲရောင်းရတယ်။ အခုခြောက်လအထိကို နှစ်လုံးကျော်ကျော်ပဲ ရောင်းရတယ်။ ပြီးခဲ့တဲ့ လကဆိုရင် ကိုဗစ်ဖြစ်တော့ နှစ်လုံးတောင် မပြည့်ဘူး ရောင်းရတာ။ ထီက ပြီးသွားပြီ လောလောဆယ် ဒီအတိုင်းပဲ သွားတော့မှာ”ဟု ဈေးကွက် အခြေအနေကို CNI သတင်းဌာနသို့ ပြောပြသည်။

#CNINews
#CNIMyanmar
#ChannelNewsIndependent
#Lottery
#CRPH
#E-Lottery
#စီးပွားရေး
#အောင်ဘာလေထီ
#NUG
Website တွင်ဖတ်ရှုရန် - - - https://cnimyanmar.com/.../local.../528-2021-08-11-09-44-00