CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ်

ဥရောပသမဂ္ဂ (EU) သည် ၂၀၃၅ ခုနှစ်အရောက်တွင် ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် ဓာတ်ဆီနှင့်ဒီဇယ်သုံး မော်တော်ယာဉ်များ ထုတ်လုပ်ရောင်းချခြင်းကို အပြီးသတ်ရှင်းလင်းရန် အစီအစဉ်ရှိနေပြီး လျှပ်စစ်အပြည့်အဝ သုံးသည့်မော်တော်ယာဉ်တစ်ခေတ်သို့ အတိအလင်းတက်လှမ်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု စီအင်န်အင်န်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

၂၀၃၀ ပြည့်နှစ်အရောက်တွင် မော်တော်ယာဉ်အသစ်များမှ အခိုးအငွေ့များ ပျမ်းမျှထုတ်လွှတ်မှု ၅၅ ရာခိုင်နှုန်း လျှော့ချရန် ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများကို တောင်းဆိုလိုကြောင်း ဥရောပကော်မရှင်က ဩဂုတ် ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၃၅ ခုနှစ်တွင် နောက်ထပ် ၁၀၀ ရာခိုင်နှုန်းအထိ အခိုးအငွေ့ထုတ်လွှတ်မှုများ ထိရောက်စွာ လျှော့ချမည်ဖြစ်၍ ထိုနှစ်မှစ၍ မှတ်ပုံတင်ထားသော ကားအသစ်အားလုံး လုံးဝထုတ်လွှတ်မှု မရှိသည့် zero-emission ဖြစ်စေရမည်ဟု ဆိုသည်။

Source: CNN
#လျှပ်စစ်ကား
#လျှပ်စစ်မော်တော်ယာဉ်
#ဓာတ်ဆီ
#ဒီဇယ်
#EU
#Europe
#ဥရောပသမဂ္ဂ
ဓါတ်ပုံ - CNN
Website တွင်ဖတ်ရှုရန် - - - https://cnimyanmar.com/.../peace.../527-2021-08-11-09-29-54