CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၁

ဘရာဇီးသမ္မတ ဂျာအိဘော်ဆိုနာရီ (Jair Bolsonaro) ကို လူမျိုးသုဉ်းသတ်ဖြတ်မှု(genocide)နှင့် သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းစေမှု (ecocide)တို့ဖြင့် ဘရားဇီးနိုင်ငံရှိ ဌာနေတိုင်းရင်းသား အဖွဲ့အစည်းတစ်ခုက နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC)ထံသို့ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဩဂုတ် ၉ ရက်တွင် ရေးသား ဖော်ပြသည်။

လက်ယာ အစွန်းရောက် သမ္မတနှင့်ပတ်သက်၍ ဘရားဇီးဌာနေ တိုင်းရင်းသားလူမျိုးများ အဖွဲ့အစည်း(APIB)၏ စွပ်စွဲချက် များကို ဩဂုတ် ၉ ရက်က သည်ဟိဂ်မြို့အခြေစိုက် တရားရုံးသို့ တင်ပြခဲ့ကြောင်း၊ ယင်းသမ္မတသည် ၂၀၁၉ ခုနှစ်မှစ၍ ရှင်း လင်း ပြတ်သားပြီး စနစ်တကျ ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးရေးဆန့် ကျင်သည့် မူဝါဒကို ချမှတ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းတွင် ရေးသားထားသည်။

Source: aljazeera.com

#ဘော်ဆိုနာရို
#သမ္မတ
#ဘရာဇီး
#ဌာနေတိုင်းရင်းသား
#လူမျိုးသုဉ်းသတ်ဖြတ်မှု
#ICC
#တရားစွဲ
#နိုင်ငံတကာ
#CNImyanmar
#cninew
#ChannelNewsIndependent

Website တွင် ဖတ်ရှုရန်---https://cnimyanmar.com/.../political/politics-local/524-icc