CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၁
မြေထဲပင်လယ်ဒေသရှိ ဂရိနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အစိုးရ၏ အားနည်းချက်များအတွက် ဂရိဝန်ကြီးချုပ်က ဩဂုတ် ၉ ရက်၌ တိုင်းပြည်သို့ ရုပ်သံမိန့်ခွန်းပြောကြားကာ တောင်းပန်စကားဆိုခဲ့ကြောင်း စီအင်န်အင်န်သတင်းမှာ ဖော်ပြထားသည်။
မကြုံစဖူး သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရပြီး အပူလှိုင်းကျရောက်မှုကြောင့် နေရာပေါင်း ၅၈၆ နေရာ၌ တောမီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကို အကြောင်းပြု၍ လူအချို့ကို ဂရိအာဏာပိုင်များက ဖမ်းဆီးထားသော်လည်း မီးစတင် လောင်ကျွမ်းရသည့်အကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း အေပီသတင်းဌာနက ဆိုသည်။
Source: CNN
#ရာသီဥတု
#မီးလောင်မှု
#သဘာဝဘေးအန္တရာယ်
#ဂရိ
#CNINews
#CNIMyanmar
#ChannelNewsIndependent