CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၀

မြန်မာ့သစ်သီးဝလံများ အဓိက တင်ပို့နေရသော တရုတ်-မြန်မာ နယ်စပ်ဂိတ်များပိတ်ထားသောကြောင့် ယခုနှစ်မိုးဖရဲ စိုက်ပျိုးမှုကို ပြည်တွင်းဈေးကွက်အတွက်သာ ရည်ရွယ်စိုက်ပျိုးကြရန် တောင်သူများသို့ အသိပေးထားကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ သိရသည်။

လက်ရှိအချိန်တွင် မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ လုံးဝ ရပ်ဆိုင်းနေပြီး အနည်းဆုံး နယ်စပ်ဂိတ်ပေါက် ရပ်ဆိုင်းခြင်းသည် ခြောက်လခန့် ကြာမြင့်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားကြသည်။