CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၀

စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်စနစ် စသည့်အချက်အလက်များ အပါဝင် အခန်း (၅) ခန်းပါဝင်သည့် ကြေညာစာတမ်းကို သျှမ်းပြည်ဖယ်ဒရယ်တပ်ဦး/သျှမ်းပြည်လွတ်မြောက်ရေးပါတီ (SSFF/SSLP)က ဩဂုတ် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားများတွင် ဝါဒကွဲပြားမှုများ၊ စစ်အစိုးရမှ ရိုက်သွင်းခဲ့သည့် လူမျိုးကြီးဝါဒများကို သမိုင်းအမှန် ချပြရန်နှင့် ပြည်သူလူထုကို အသိပညာပေးမှု၊ သမိုင်းအမှန်များ ချပြလို၍ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြောင်း (SSFF/SSLP)၏ အထွေထွေအတွင်းရေးမှူး စဝ်ဖက CNI သတင်းဌာနကို ပြောသည်။