၂၀၂၁ ခုနှစ်၊ဩဂုတ် ၇

COVID-19 ကပ်ရောဂါကာလအတွင်း မွေးကင်းစကလေးများကို ကူးစက်မှုနှင့်ဖျားနာမှုတို့ကနေ ကာကွယ်နိုင်ဖို့ မိခင်နို့ စတင်တိုက်ကျွေးရေး (သို့မဟုတ်) ဆက်လက်တိုက်ကျွေးကြပါရန် မိခင်တွေကို ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့(UNICEF)က တိုက်တွန်းအကြံပေးထားသည်။

မိခင်နို့မှတစ်ဆင့် COVID-19 ကူးစက်ခြင်းမျိုး ယနေ့အထိ မတွေ့ရသေးပေ။ မိခင်တွင် COVID-19 ကူးစက် ခံရသည်ဟု သံသယရှိလျှင်တောင် နို့တိုက်ခြင်းနှင့်အရေပြားချင်း ထိတွေ့ခြင်းလုပ်ဆောင်ဖို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) နှင့် UNICEF တို့က အကြံပြုထားသည်။ ကူးစက်မှုလျှော့ချနိုင်ရေးအတွက် မိခင်များအနေဖြင့် mask တပ်ရန်၊ လက်ကို စင်ကြယ်စွာဆေးရန်နှင့် ပိုးသတ်သန့်စင်ကာကွယ်ရန်တို့လည်း တစ်ဆက်တည်းမှာ အသိပေးထားသည်။