CNI News

ကိုဟီမား (နာဂ) ဩဂုတ် ၇

နာဂလန်းပြည်နယ်၏ဝင်ငွေသည် COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀-၂၁ ခုနှစ်အတွင်း ရူပီး ၁၀၁၃ ဒသမ ၁၁ ကုဋေသို့ ကျဆင်းသွားကြောင်း ပြည်နယ်ဝန်ကြီးချုပ် Neiphiu Rio က လွှတ်တော်သို့ အသိပေးခဲ့သည်။

နာဂဒေသ စီးပွားရေး ပြန်လည်နာလန်ထမှုနှင့် စပ်လျဉ်းပြီး အရေးပေါ် လူထုအရေးကိစ္စ ဆွေးနွေးချက်အပေါ် နိဂုံးချုပ် အမှာ စကား ပြောကြားစဉ် ပြည်နယ်ဝန်ကြီးချုပ်က COVID-19 ကြောင့် နှောင့်နှေးခဲ့ရမှုများကို ထည့်သွင်း ရှင်းပြသွားခဲ့သည်။