CNI News

တိုကျို ဩဂုတ် ၃

ကျင်းပနေဆဲ အိုလံပစ်အားကစားပြိုင်ပွဲမှာ သက်ဆိုင်ရာနိုင်ငံကနေ အတူလိုက်ပါကြတဲ့ နည်းပြဝန်ထမ်းတွေကို မကျေမနပ်ဖြစ်ပြီးတော့ မိမိနိုင်ငံကိုယ်စားပြုအားကစားအဖွဲ့ကို ဆန့်ကျင်တဲ့အနေနဲ့ တိုကျိုရောက် ဘီလာရုစ်အပြေးသမားတစ်ဦးဟာ ဩဂုတ် ၁ ရက်မှာ လေယာဉ်ပေါ် တက်ဖို့ အပြင်းအထန် ငြင်းဆန်ခဲ့တဲ့အပြင် နီးစပ်ရာဂျပန်ရဲတပ်ဖွဲ့ကို အကူအညီတောင်းခံခဲ့တယ်လို့ ရိုက်တာသတင်းကို ကိုးကားပြီး နစ်ကိုင်းအေးရှား ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ အဲဒီအပြေးသမား အားကစားမယ် ခရစ္စတီးနားစီမနိုစကိုင်းယားဟာ မနေ့က တနင်္ဂနွေနေ့နှောင်းပိုင်းမှာတော့ ဂျပန်နိုင်ငံ၊ ဟာနီဒါလေဆိပ်မှာ ဂျပန်ရဲတွေရဲ့အကာအကွယ်ယူပြီး မိခင်နိုင်ငံက အဖွဲ့သားတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာပါ။