CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တော ကညင်ချောင်း အထူးစီးပွားရေးဇုန်တို့ကို ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေမှုထိန်းချုပ်ရန်အတွက် ဇူလိုင်လ ၅ ရက်မှ ၃၁ ရက်အထိ ရက်နားခဲ့ပြီး ယခု ဩဂုတ်လ ၁ ရက်နေ့တွင် ထပ်မံရပ်နားရန် ရှိ၊ မရှိ ကုန်သည်များထံသို့ အကြောင်းကြားထား ခြင်း မရှိသေးကြောင်း ရခိုင်ပြည် နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ယခုရက်ပိုင်းအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပြန်လည် စတင်ရန် မဖြစ်နိုင်သေးသည့်အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးနှုန်းကို ထိန်းချုပ်နိုင်ခြင်း မရှိသေးသဖြင့် ကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည်စတင်ရန် မဖြစ်နိုင်သေးကြောင်း ရခိုင် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ပြော သည်။