CNI News
မနီလာ ဩဂုတ် ၁
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် ဖိလစ်ပိုင်တွင် အမေရိကန်တပ်ဖွဲ့များ ပြန်လည်ထားရှိရန် အရေးကြီးသည့် သဘောတူညီမှုကို ပြန်လည်ရယူလိုက်ကြောင်း၊ ဝါရှင်တန်နှင့်မနီလာတို့အကြား စိုးရိမ်မှု တိုးပွားစေသည့် ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်လိုက်ကြောင်း နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများက ဇူလိုင် ၃၀ တွင် ထုတ်ဖော်ပြောကြားသည်ဟု ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြ သည်။
တပ်ဖွဲ့များ စေလွှတ်ရေး သဘောတူညီချက် (Visiting Forces Agreement-VFA)အရ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ဖိလစ်ပိုင်နိုင်ငံအတွင်းနှင့်အပြင်၌ ထောင်နှင့်ချီသော အမေရိကန်တပ်ဖွဲ့ဝင်များ လှည့်လည်ဖြန့်ကျက်နိုင်ရန် စည်းမျဉ်းများ သတ်မှတ်နိုင်ခဲ့သည်။