CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁
မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အာမခံသည်ဟု နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ-ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဩဂုတ် - ၁)က ကောင်စီ၏ (၆)လပြည့် နိုင်ငံတော် တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်သည့် မိန့်ခွန်းတွင် ပြောခဲ့ခြင်းသည်။
“ကျနော်တို့က စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီဖော်ဆောင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကျနော့်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို အာမခံပါတယ်။ အဓိက ကတော့ သတ်မှတ်ထားတဲ့ ကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ရမယ့် လုပ်ငန်းအားလုံး အဆင် ပြေချောမွေ့စွာ ပြီးစီးရေးပဲ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။