CNI News

ဘန်ကောက် ဇူလိုင် ၃၁

ထိုင်းနိုင်ငံတွင် ဘန်စူးဂရင်းဘူတာရုံ၌ COVID ကာကွယ်ဆေးထိုးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ရာနှင့်ချီသော နိုင်ငံခြားသားများအတွက် တန်းစီကြိုတင်စာရင်းကို အကျင့်ပျက်ဝန်ထမ်းများက နေရာရောင်းစား၍ မသမာမှုပြုလုပ်ခဲ့မှု အသေးစိတ် စစ်ဆေးထွက်ပေါ်လာခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ဇူလိုင် ၃၁ ရက်၊ ယနေ့နံနက်တွင် ရေးသား ဖော်ပြသည်။

ဘန်ကောက်မြို့ရှိ ဘန်စူးဂရင်းဘူတာရုံတွင် COVID-19 ကာကွယ်ဆေးထိုးရန် ကိုတာစာရင်းပေးထားသည့် ကြိုတင်နေရာ ပေါင်း ၆၀၀၀ ကျော်ကို ကွန်ပျူတာစနစ်သုံး ဝန်ထမ်း ၁၉ ဦးတို့က မသမာမှု ပြုလုပ်ထားကြောင်း ရဲတပ်ဖွဲ့က စုံစမ်း ဖော်ထုတ် ရာမှ လိမ်လည်ထားသည့် စာရင်း အချက်အလက်များ စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။