CNI News

ဘေဂျင်း ဇူလိုင် ၃၀

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ဟု အမည်ပေးထားသော တရုတ်စစ်တပ်၊ ရှင်ကျန်း (Xinjiang) စစ်ဌာန ချုပ်နှင့် တိဘက်စစ်တပ်တို့ စီစဉ်ကွပ်ကဲမှုဖြင့် နောက်ဆုံးပေါ် တရုတ် အမြောက်လက်နက်ကြီး နှစ်ခုသည် ကုန်း ပြင်မြင့်များတွင် ပစ်ခတ်ရာတွင် လွန်စွာထိရောက်ကြောင်း စစ်ရေးအကဲခတ်သူ များက သုံးသပ်ကြောင်း အစိုးရအာဘော် ဂလိုဘယ်တိုင်းမ် သတင်းစာက ရေးသားဖော်ြပသည်။

တရုတ်စစ်တပ်၊ ရှင်ကျန်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတစ်ရင်းမှ အမြောက်တပ်သည် မီတာ ၅၀၀၀ အမြင့်ရှိပြီး နှင်းများကျနေသော ကုန်းမြင့်ပေါ်မှ အဆိုပါအမြောက်များကို ပထမဆုံး စမ်းသပ်လေ့ကျင့် ကြည့်ခဲ့ကြကြောင်း အဆိုပါ စစ်ဌာနချုပ်က WeChat app ပေါ်မှ ထုတ်ပြန်ကြေညာခဲ့သည်။