CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင် ၃၀
လက်ရှိ မြန်မာနိုင်ငံအတွင်း Covid-19 ရောဂါလျှင်မြန်စွာ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလျက်ရှိနေသောကြောင့် ရောဂါနှင့် ပတ်သက် ပြီး ကုသရေးအတွက် အထောက်အထားခိုင်လုံစွာ တင်ပြနိုင်ပါက ကန့်သတ် ပမာဏထက် ကျော်လွန်ပြီး ငွေထုတ် ယူခွင့်ပြု ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာထားသည်။
ကိုဗစ်ရောဂါ ကုသရာတွင် အသုံးပြုသည့် ဆေးဝါးများ၊ အောက်ဆီဂျင်အိုး၊ Oxygen Plant နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်၊ ဆေးရုံ၊ ဆေးခန်းနှင့် Quarantine Center များအတွက် အသုံးစရိတ်များ ကျခံသုံးစွဲရန်တို့အတွက် အထောက်အထား ခိုင်လုံ စွာ တင်ပြနိုင်ပါက သေချာစွာ စိစစ်ပြီး ဘဏ်ငွေ စာရင်း အသီးသီးမှ ငွေသားထုတ်ယူခြင်းကို ကန့်သတ်ပမာဏထက် ကျော်လွန်ပြီး ထုတ်ခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။