CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင် ကျော်ဖြတ်နေရသည့်အတွက် ကိုဗစ်လူနာ ၂ သိန်း ကျော်ရှိရာ အများစုမှာ အောက်ဆီဂျင်ပြတ်လပ်မှုများ ကြုံတွေ့နေရကြရသည်။ထို့ကြောင့် ကိုဗစ်လူနာရှင်များနှင့် ကိုဗစ် ကူးစက်မှု ခံခဲ့ရပါက အောက်ဆီဂျင် အခက်အခဲမဖြစ်စေရန်အတွက် အောက်ဆီဂျင်အိုးနှင့် အောက်ဆီဂျင်စက်များ ဆောင်ထားကြ သည်။

သို့သော် အောက်ဆီဂျင်အိုးနှင့် အောက်ဆီဂျင်စက်များကို မည်သို့ အသုံးပြုရလဲဆိုသည့်အပေါ် သိရှိနားလည်မှု အားနည်း နေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ပင်းယလမ်းတွင် စေတနာရှင်ပရဟိတအသင်း(ရန်ကုန်)မှ အတွင်းရေးမှူး ကိုဝေဖြိုးအောင်က အောက်ဆီဂျင်အိုးနှင့် အောက်ဆီဂျင်စက်များ အသုံးပြုပုံကို ရှင်းပြရာ CNI သတင်းဌာနက ရိုက်ကူးထုတ်လွှင့်ပေးလိုက်ပါသည်။

#ကိုဝေဖြိုးအောင်
#အောက်ဆီဂျင်အိုးအသုံးပြုပုံ
#အောက်ဆီဂျင်စက်အသုံးပြုပုံ
#ရှင်းပြ
#အသိပညာပေး
#ကျန်းမာရေး
#ကိုဗစ်၁၉
#လူနာ
#CNImyanmar
#cninews
#ChannelNewsIndependent