၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀
မန်ချက်စတာယူနိုက်တက် အသင်းတိုက်စစ်မှူး ရက်ရှ်ဖိုဒ့်က သူရရှိတဲ့ ဗြိတိန်ဘုရင်မကြီးပေးတဲ့အမြင့်ဆုံးဆု (MBE) ဆုတံဆိပ် ကို သူ့ရဲ့ အမေဖြစ်သူကို ပေး
သွားမယ် လို့ ပြောလိုက်ပြီး ကလေးသူငယ်တွေကို ကူညီပေးမယ့် စည်းရုံးလှုံဆော်မှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကတိ ပြုလိုက်ပါတယ်။
ရက်ရှ်ဖိုဒ့်က “ကျနော့်မှာသာ ဒါတွေရှိခဲ့မယ်ဆိုရင် ဘဝဟာ အများကြီး ပိုကောင်းလာပြီး ရွေးချယ်စရာတွေ အများကြီး ရှိလာ မှာပါ”လို့ ပြောပါတယ်။
လူတိုင်းဟာ အတူတကွ လက်တွဲပြီး သေးငယ်တဲ့ အပြောင်းအလဲတွေကို လုပ်လာနိုင်ခဲ့ရင် လူငယ်တွေအတွက် ပိုကောင်းလာ နိုင်တယ်လို့ ရက်ရှ်ဖိုဒ့်က ထပ်မံ ပြောခဲ့ပါတယ်။