၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀
မစ္စတာဘီလ်ရစ်ချတ်ဆန်က “စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးတော့ ဓာတ်ပုံရိုက်ခံခဲ့တာအတွက် ဝေဖန်မယ်ဆိုရင်တော့ ဝေဖန် နိုင်ပါတယ်။ဒီခရီးစဉ်မှာ ကျနော့်ဘက်က အချက်သုံးချက် အောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်။ အကျဉ်းကျခံနေရတဲ့ ကျနော် တို့ ဝန်ထမ်းကို ထောင်ကနေ လွတ်အောင်လုပ်နိုင်ခဲ့တယ်။ ကာကွယ်ဆေးနဲ့ လူ သားချင်းစာနာမှု အကူအညီတွေ ပေးနိုင်တဲ့ အခြေအနေတွေကို တိုးတက်လာအောင်လုပ်နိုင်ခဲ့တယ်။ အကျဉ်း ထောင်တွေကို ကြက်ခြေနီအဖွဲ့က ဝင်ရောက်ကြည့်ရှုခွင့် ရအောင် ဆွေးနွေးနိုင်ခဲ့တယ်။ ဒါတွေအောင်မြင်ဖို့ စစ်ခေါင်းဆောင်နဲ့တွေ့ပြီးတော့ ဓာတ်ပုံ အရိုက်ခံတာကို အပြစ်ရှိတယ်လို့ ဝေဖန်မယ်ဆိုရင်တော့ ဝေဖန်သမျှခံဖို့ အသင့်ပါပဲ။ ကျနော်က နောက်တန်းမှာပဲ နေပြီးတော့ မိန့်ခွန်းတွေပဲ ပြောနေတဲ့ လူမျိုး မဟုတ်ပါဘူး၊ ကျနော်က ရှေ့တန်းထိ သွားပြီးတော့ အပြောင်းအ လဲတွေဖြစ်အောင် လုပ်ခဲ့တဲ့လူပါ”ဟု RFA နှင့် အင်တာဗျူး မှာ ပြောကြားခဲ့သည်။