CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀
ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ရောင်း၊ ဝယ်၊ လဲလှယ်ခြင်းဈေးနှုန်းအား သတ်မှတ်ချက်ကျော်လွန်ကာ ရောင်းချပါက အရေးယူမည်ဟု နိုဝင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့အပေါ် ဗဟိုဘဏ်အနေဖြင့် အမိန့်ထုတ်ပြီးပါက နောက်ဆက်တွဲကို လိုက်သင့်ကြောင်း ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သည့် Via Logistics and Supply Chain တည်ထောင်သူ ကိုသီဟပိုင်က CNI သတင်းဌာနသို့ သုံးသပ် ပြောဆိုသည်။
“တကယ်တမ်းအလုပ်လုပ်တော့လည်း ကိုယ်အဆင်ပြေသလိုလုပ်ကြရတာပေါ့။ သူ့ဟာသူ ဘယ်လိုပဲ ညွှန်ကြား ချက်စာပဲထုတ်ထုတ်ပေါ့၊ ဒီဘက်မှာက ရောင်းသူနဲ့ဝယ်သူ ၂ ပိုင်းရှိတာကို seller နဲ့ buyer နဲ့ အဆင်ပြေရင် သူ့ ဟာသူ payment တို့ ဘာတို့က သူ့ဟာသူ ညှိနှိုင်းလို့ရတာကိုး။ အဆင်မပြေတော့လည်း ဥပဒေအရ သွားကြရင် တော့ ဒီအမိန့်ညွှန်ကြားချက်ကိုပဲ သွားကြတာပေါ့။ ကျနော်ပြောချင်တာက အမိန့်ကထုတ်ပြီးရင် follow up (နောက်ဆက်တွဲ)လိုက်ဖို့လိုတယ်လေ။ Follow up မလိုက်နိုင်ရင်တော့ ဘာမှမထူးပါဘူး။ ညွှန်ကြားချက်က ညွှန်ကြားချက်ပဲ ဖြစ်နေဦးမှာပေါ့”ဟု ၎င်းက ပြောသည်။