CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉
ရီယိုဖာဒီနန်က“ကျနော်တို့ဟာ မျှော်လင့်ချက်တွေနဲ့ ဒီရာသီကို စတင်ခဲ့တာပါ။ ကျနော်တို့မှာရှိတဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု တွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့ ကျနော်တို့ အချိန်ရောက်ပြီလို့တောင် ထင်ခဲ့ကြတာပါ။ အခုအချိန်မှာတော့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ်လို့ မထင်ပါဘူး။ အပတ်တိုင်း အသင်းကိုကြည့်ပြီး နည်းဗျုဟာကျကျ ဘာတွေလုပ်ရမလဲလို့ တွေးနေမိတယ်” လို့ သူ့ရဲ့ အမြင်ကို သုံးသပ်သွားပါတယ်။
“ယူနိုက်တက်ရဲ့ ကစားပုံမှာ ဒဿနနဲ့ အထောက်အထားတွေကိုလည်း မတွေ့ရပါဘူး။ ဒါဟာ ဘယ်လိုပဲဖြစ်ဖြစ် စီမံခန့်ခွဲမှု ကြောင့်ဖြစ်ပြီး အသင်းကို ကြည့်ရတာ စိတ်ရှုပ်ထွေးလာခဲ့ပါတယ်။ ကျနော်က အမြဲတမ်း သံသယဝင်နေခဲ့တာပါ။ သူတို့က ချန်ပီယံဖြစ်အောင် လုပ်နိုင်မလားဆိုတာကို အပြည့်အဝ မယုံကြည်ခဲ့ပါဘူး။ သူလုပ်နိုင်မယ်လို့တော့ ထင်ခဲ့မိတယ်။ ဒါပေမယ့် ဒီရာသီမှာ မြင်တွေ့နေရတဲ့ ပုံစံတွေအရ နည်းပြရာထူးကို အခြားလုပ်နိုင်တဲ့သူထံ လွှဲပြောင်းပေးရမယ့် အချိန်ပဲလို့ ထင်မိပါ တယ်။ အခုအချိန်မှာ အိုလီအနေနဲ့ ခေါင်းမော့ပြီး ထွက်ခွာနိုင်တဲ့ အချိန်ပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။