၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၀
“ကျနော်က ဒီနိုင်ငံမှာ တော်တော်လေး ရင်းနှီးမြှုပ်နှံထားပြီးတော့ သူတို့ကလည်း ကျနော့်ကို ဖိတ်ခေါ်ပါတယ်။ ကျနော့်ဆီမှာ ကာကွယ်ဆေးအကြောင်း ဆွေးနွေးဖို့ နိုင်ငံခြားရေးဝန်ကြီးဆီက စာတစ်စောင်ရထားတယ်ဗျ။ ပြီးတော့ တိုင်းပြည်အပေါ် အာရုံစိုက်ပြီး အပြောင်းအလဲ လုပ်ရမယ်လို့ ထင်တယ်။ ဒါဟာ အသေးအဖွဲ ခြားနားချက်တစ်ခုပါပဲ” ဟု ရစ်ချတ်ဆန်က နိုဝင်ဘာ ၈ ရက်က အေပီသတင်းဌာနနှင့် အွန်လိုင်းအင်တာဗျူး၌ ထည့်သွင်းပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌနှင့်တွေ့ဆုံခဲ့ရာမှာ သူ့အနေဖြင့် ရစ်ချက်ဆန်စင်တာ၌ အလုပ်လုပ်ခဲ့သူ အမျိုးသမီးတစ်ဦး ထောင်မှ လွတ်လာ ခြင်း၊ မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီနှင့် ကာကွယ်ဆေးတိုးမြှင့်ရရှိရေး၊ အကျဉ်းထောင်များသို့ ကြက်ခြေနီအဖွဲ့ ပြန်လည်ဝင်ရောက်နိုင်ရန် စသည့် အချက်များကို စွမ်းဆောင်နိုင်ခဲ့သည်ဟုဆိုသည်။
Source: AP