CNI International News
ဘန်ကောက် ၊နိုဝင်ဘာ ၁၀
ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်ရန် ကြိုးပမ်းသည့် တရားမဝင် ရွှေ့ပြောင်းလုပ်သား အရေအတွက် တိုးလာခြင်း၊ ၎င်းတို့နှင့် ဆက် စပ် Covid ကူးစက်ခံရသူများ ရှိနေခြင်းတို့အပေါ် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောသည်။
“ကျနော့်ဝန်ကြီးဌာနက လုပ်ငန်းအတော်များများအတွက် ရွှေ့ပြောင်း လုပ်သားရှားပါးမှုကို လျစ်လျူမရှုဘဲ သက်ဆိုင်ရာ အစိုးရတွေရဲ့ ခွင့်ပြုချက်အတိုင်း နိုင်ငံခြားသားလုပ်သားတွေ ပိုခေါ်ပေးဖို့ စဉ်းစားနေပါတယ်” ဟု စူချက်ချွမ်ကလင်က ပြောသည်။