CNI Interview
 
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၆
 
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများက ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ ကြိုးပမ်းရာမှာ အာဆီယံနှင့် နိုင်ငံတကာက သက်ဆိုင်သူများ အားလုံး ဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းလျက်ရှိနေသည်။
 
ထို့ကြောင့် သက်ဆိုင်သူဆိုသည်မှာ မည်သူများလဲ၊ မည်သူများကို သတ်မှတ်မှာလဲ မေးခွန်းထုတ်စရာများဖြစ် လာနေသည်။ တစ်ဖက်မှာလည်း အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွ့ဲ (PPST)က နိုဝင်ဘာ ၄ ရက်မှ ၅ ရက်နေ့ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပြီး ဆွေးနွေးညှိနှိုင်းရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။
 
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး PPST ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းကို CNI သတင်းဌာနမှ အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။
 
#ရဲဘော်မျိုးဝင်း
#PPST
#အင်တာဗျူး
#Interview
#မြန်မာ့နိုင်ငံရေး
#အကျပ်အတည်း
#သက်ဆိုင်ရာသူ
#ဘယ်လိုသတ်မှတ်မလဲ
#ဘယ်သူသတ်မှတ်လဲ
#နိုင်ငံတကာ
#နိုင်ငံရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent