CNI International News
 
အဒစ်အဘာဘာ၊နိုဝင်ဘာ ၆
 
အီသီယိုးပီးယားနိုင်ငံရှိ တီဂရေးတပ်ဖွဲ့များသည် နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံတဝန်းရှိ အခြား လက်နက်ကိုင် တပ်ဖွဲ့များ၊ အတိုက်အခံအဖွဲ့များနှင့် ပူးပေါင်းကာ လက်ရှိဝန်ကြီးချုပ် အေဘီအာမက်ကို ဆန့်ကျင်လျက် မဟာမိတ်ဖွဲ့ခြင်းအားဖြင့် နှစ်ရှည်စစ်ပွဲမှ နိုင်ငံရေးအသွင်ကူးပြောင်းမှုဆီသို့ ဦးတည်ရေး ကြိုးစားခဲ့ကြောင်း၊ အေဘီအာမက်ကို အတင်းအကျပ်ပြုတ်ကျစေမည့် ဖြစ်နိုင်ခြေအား လမ်းဖွင့်လာခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
 
“ကျနော်တို့အတွက် ကန့်သတ်ချက် မရှိပါဘူး။ သေချာတာကတော့ တုန်လှုပ်ခြောက်ခြားစရာမတွေ့ခင် အီသီ ယိုးပီးယားမှာ ကျနော်တို့ အပြောင်းအလဲတစ်ခုရှိလာလိမ့်မယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် လက်ရှိ တီဂရေးဘက်ခြမ်း၌ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဘာဟန် ဝါရှင်တန်ရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။
 
Source: AP
 
#အီသီယိုးပီးယား
#တီဂရေး
#လက်နက်ကိုင်တပ်ဖွဲ့
#နိုင်ငံရေးအသွင်ကူးပြောင်းမှု
#မဟာမိတ
#လုံခြုံရေးကောင်စီ
#နှစ်ရှည်စစ်ပွဲ
#အတိုက်အခံမဟာမိတ်
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/2107-2021-11-06-06-56-16