CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄
အရောင်းအဝယ်နှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် ကျပ်သိန်း ၂၀၀ အထက် ငွေပေးချေမှုကို ဘဏ်ဝန်ဆောင်မှု စနစ်ဖြင့်သာ ဆောင်ရွက်ရမည်ဟု သတ်မှတ်ချက်များကြောင့် လုပ်ငန်းလည်ပတ်မှုများ နှောင့်နှေးသွားနိုင်သလို အခက်အခဲများလည်း ရှိလာနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မြန်မာနိုင်ငံအတွင်း ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ရန် အလို့ငှာ အခြေခံပစ္စည်းနှင့် ကုန်ပစ္စည်းရောင်းခြင်း၊ ဝယ်ခြင်း၊ လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှု၊ ဝန်ဆောင်မှုအတွက် ငွေပေးချေမှုနှင့် အခြားငွေပေးချေမှုများ ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် ငွေသားဖြင့် ပေးချေမှုကို ကျပ်သိန်း ၂၀၀ ထက် မပိုစေရ၊ ထိုပမာဏာထက်ပိုသည့် မည်သည့် ပေးချေမှုများအတွက်မဆို ဘဏ်စနစ်အသုံးပြု၍ ဆောင်ရွက်ရမည်ဟု နိုဝင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
#မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#ဗဟိုဘဏ်
#ထုတ်ပြန်ချက်
#ကျပ်သိန်း၂၀၀
#အထက်ငွေပေးချေမှု
#ဘဏ်စနစ်
#ဆောင်ရွက်ရန်
#မလိုက်နာပါက
#အရေးယူမည်
#လုပ်ငန်းများ
#အခက်အခဲဖြစ်နိုင်
#ယုံကြည်မှု
#စီးပွားရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/2076-2021-11-04-09-11-22