CNI International News
 
ကရာကတ်စ်၊ နိုဝင်ဘာ ၄
 
ဗင်နီဇွဲလားအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဖြိုခွင်းမှုများအတွင်း လူသားမျိုးနွယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများရှိ/မရှိ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်က နိုဝင်ဘာလ ၄ ရက် (ယနေ့) နံနက်ပိုင်းတွင် ရေးသားဖော်ပြသည်။
 
ICC ၏ရှေ့နေ့ချုပ် ကရိမ်ခမ်း က ဗင်နီဇွဲလားမြို့တော် ကရာကတ်စ်သို့ ၃ ရက်ကြာခရီးစဉ်အပြီး၌ ယခု စုံစမ်း စစ်ဆေးရန် ဆုံးဖြတ်ချက်ကို ကြေညာလိုက်ခြင်းဖြစ်သည်။
 
Source: BBC
 
#ICC
#လူသားမျိုးနွယ်
#ရာဇ၀တ်မှု
#ဗင်နီဇွဲလား
#နိုင်ငံတကာရာဇဝတ်ခုံရုံး
#တရားဥပဒေစိုးမိုးရေး
#ဗင်နီဇွဲလားပြည်သူ
#အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/2071-icc-2