CNI International News
 
ကဘူးလ်၊ နိုဝင်ဘာ ၂
 
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းက မင်္ဂလာဆောင်တစ်ခုတွင် တေးဂီတ တီးခတ် ဖျော်ဖြေမှု ပါဝင်၍ ဧည်သည့် ၃ ဦး ပစ်သတ်ခံခဲ့ရကြောင်း တာလီဘန်တို့၏ အဆိုအရ သိရသည်။
 
အဆိုပါ ပစ်သတ်ခံရသူများမှာ တာလီဘန် အဖွဲ့ဝင်ဟု သံသယရှိနေကြသူများ၏ လက် ချက် ဖြစ်ကြောင်း တာလီဘန် ပြောခွင့်ရသူ ဇဘီဟူလာမူဂျာဟစ်က အောက်တိုဘာ ၃၁ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာ အတိအလင်း ပြောကြားခဲ့သည်ဟု စီအင်န်အင်န်က ရေးသားဖော်ပြသည်။
 
Source: CNN
 
#အာဖဂန်နစ္စတန်နိုင်ငံ
#အာဖဂန
#တာလီဘန
#မင်္ဂလာဆောင်
#တေးဂီတ
#ပါ၀င်
#ပစ်သတ်
#လူသုံးဉီး
#သေဆုံး
#နိုင်ငံရေး
#လူမှုရေး
#နိုင်ငံတကာသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/2024-2021-11-02-09-14-35