CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(နိုဝင်ဘာ ၂ ရက်)မှာတော့ ၉ လတာအတွင်း အကျဉ်းသား ၄ သောင်းကျော် လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ နစက ဥက္ကဋ္ဌ က ပြောဆိုလိုက်တဲ့သတင်း ၊ မြောက်ကိုရီးယားအပေါ် UN ပိတ်ဆို့မှုရုပ်သိမ်းဖို့ တရုတ်နဲ့ရုရှားက ပြန်လည်တွန်းအားပေးလာတယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းနဲ့ အားကစားသတင်းများကို တင်ဆက်ပေးပါမယ်။

- ၉ လတာအတွင်း အကျဉ်းသား ၄ သောင်းကျော် လွတ်ငြိမ်းခွင့်ပေးခဲ့ဟု နစကဥက္ကဋ္ဌပြော

- ကြံများအားလုံး တရုတ်သို့ တင်ပို့ခွင့်မရပါက ပြည်တွင်းကို ရောင်းချရန် အခက်အခဲရှိ

- ဗဟိုဘဏ်၏ ဒေါ်လာထုတ်ရောင်းချမှု လုပ်ငန်းရှင်တချို့အတွက် ထိရောက်မှုရှိနေ

- မြောက်ကိုရီးယားအပေါ် UN ပိတ်ဆို့မှုရုပ်သိမ်းဖို့ တရုတ်နှင့်ရုရှား ပြန်လည်တွန်းအားပေး

- အကျဉ်းသားများ ပြန်လွှတ်ပေးဖို့ မြန်မာ့တပ်မတော်ကို ဘိုင်ဒန်နှင့်ဂျိုကိုဝီဒိုဒိုတို့ တောင်းဆို

- အာဖဂန်တွင် မင်္ဂလာဆောင်၌ တေးဂီတပါဝင်၍ လူ ၃ ဦး ပစ်သတ်ခံရ

- ဝေဖန်ခံရလွန်းလို့ ဝေဖန်မှုတွေကို သဘောကျနှစ်သက်နေပြီလို့ ဆိုလိုက်တဲ့ ဆိုးလ်ရှား စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။