CNI International News
စကုတ်ဂျီ (မြောက်မက်စီဒိုးနီးယား)၊ နိုဝင်ဘာ ၁
မြောက်မက်စီဒိုးနီးယားနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲများတွင် လက်ရှိအာဏာရ ဆိုရှယ်ဒီမိုကရက်တစ် ယူနီယံ(SDU) ပါတီ ရှုံးနိမ့်သွားပြီးနောက် မိမိရာထူးမှ နှုတ်ထွက်ကြောင်း ဝန်ကြီးချုပ် ဇိုရန်ဇစ်ဗ်က ကြေညာခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
“လတ်တလော ရွေးကောက်ပွဲ ရလဒ်တွေအရ ကျနော့်ရဲ့ ရာထူးတာဝန်တွေဖြစ်တဲ့ ဝန်ကြီးချုပ်အဖြစ်ကနေရော၊ ဆိုရှယ် ဒီမိုကရက်တစ်ယူနီယံပါတီ ခေါင်းဆောင်အဖြစ်ကပါ နှုတ်ထွက်လိုက်ပါပြီ”ဟု ပါတီဌာနချုပ်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဇိုရန်ဇစ်ဗ်က ကြေညာခဲ့သည်။
Source: AP
#မြောက်မက်စီဒိုးနီးယားနိုင်ငံ
#ဒေသန္တရရွေးကောက်ပွဲများ
#ဆိုရှယ်ဒီမိုကရက်တစ်ယူနီယံပါတီ
#ရှုံနိမ့်
#ဝန်ကြီးချုပ်
#နှုတ်ထွက်
#ဇိုရန်ဇစ်ဗ်
#နိုင်ငံရေး
#နိုင်ငံတကာသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/2000-2021-11-01-10-07-58