CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(နိုဝင်ဘာ ၁ ရက်)မှာတော့ ၊ အောက်တိုဘာလအတွင်း KIA နှင့် တပ်မတော်တို့ တိုက်ပွဲ ၁၅ ကြိမ်ခန့်ဖြစ်ပွားခဲ့တယ်လို့ KIA မှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်တဲ့သတင်း ၊ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တာကြောင့် မြောက် မက်စီဒိုးနီးယားဝန်ကြီးချုပ် နှုတ်ထွက်ခဲ့ရတယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်းနဲ့ အားကစားသတင်းများကို တင်ဆက်ပေးပါမယ်။
- အောက်တိုဘာလအတွင်း KIA နှင့် တပ်မတော်တို့ တိုက်ပွဲ ၁၅ ကြိမ်ခန့်ဖြစ်ပွား
- NUG ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနေအိမ်ကို သိမ်းဆည်း
- စိုက်ပျိုးရေးလုပ်ချိန် တရုတ်လာဖျက်ဆီးရင် ကန့်ကွက်မည်ဟုဆို
- တရုတ်နယ်စပ်ကုန်သွယ်ရေး ပိတ်ထားခြင်းကြောင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၄၀၀ ကျော် လျော့ကျ
- ရွေးကောက်ပွဲရှုံး၍ မြောက်မက်စီဒိုးနီးယားဝန်ကြီးချုပ် နှုတ်ထွက်
- ဆူပူဆန္ဒပြမှုကို အဆုံးသတ်ရန် ပါကစ္စတန်အစိုးရနှင့် TLP ပါတီတို့ သဘောတူ
- ပီအက်စ်ဂျီကို ရောက်ရှိနေပေမယ့် ဘာစီလိုနာကို ချစ်မြတ်နိုးကြောင်း ပြသခဲ့တဲ့ မက်ဆီ စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။