CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(အောက်တိုဘာ ၃၀ ရက်)မှာတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဟောင်းများရဲ့ နိုင်ငံရေးပင်စင်ထောက်ပံ့ငွေ ထုတ်ပေးရန် ကျပ်သန်းပေါင်း ၂၄ သန်းကျော်ခန့် လျာထားတယ် ဆိုတဲ့သတင်း ၊ ယီမင်ပြည်တွင်းစစ်ကို ဝေဖန်ထားတဲ့ ဝန်ကြီးတစ်ဦးရဲ့ ဗီဒီယိုဖိုင်ဟာ ယခု သီတင်းပတ် အစောပိုင်းမှာ ထွက်ပေါ်လာပြီးနောက် ဆော်ဒီအာရေဗျဆိုင်ရာ သံအမတ်တွေကို နှင်ထုတ်ခဲ့တယ် ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးပါမယ်။
- ကိုယ်စားလှယ်ဟောင်းများ၏ နိုင်ငံရေးပင်စင်ငွေပေးရန် ကျပ်သန်းပေါင်း ၂၄ သန်းကျော်လျာထား
- KIO ထိန်းချုပ်ဒေသ ကိုဗစ်ကူးစက်မှု များလာသည့်အတွက် အဝင်အထွက်ဂိတ် ပိတ်ထား
- တရုတ်တွင် ကုန်ကားများပိတ်မိနေ၍ ယာဉ်မောင်းနှင့်ယာဉ်ပိုင်ရှင်များ အခက်ကြုံနေ
- လက်ဘနွန်သံအမတ်များကို ဆော်ဒီနှင့်ဘာရိန်းတို့ နှင်ထုတ်
- အနောက်ဆာဟာရ ငြိမ်းချမ်းရေးမစ်ရှင် သက်တမ်းတိုး၍ ဆက်လက်ဆွေးနွေးရန် UN တောင်းဆို
- ရွှေ့ပြောင်းဝင်ရောက်မှုတားဆီးရန် ဘီလာရုစ်နယ်စပ်တံတိုင်း ပိုလန်ဆောက်မည် စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။