CNI News
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉
 
တပ်မတော်၏ ခြေလျင်တပ်ရင်း ၂၈၃ အား ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ တပ်ရင်း မှူး အပါအဝင် အရာခံစစ်သည် ၇ ဦးကျဆုံးသွားခြင်းအပေါ် စိတ်မကောင်းကြောင်းနှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်များကို တပ်မတော်ထံ ပြန်လည် အပ်နှံလိုက်ကြောင်း ပဒိုစောရွှေမောင်းက CNI သတင်းဌာန သို့ ပြောသည်။
 
အောက်တိုဘာ ၂၀ ရက်နေ့က ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်တွင် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းပေါ်ရှိ ခုခံရွာနှင့် သံပုရာရွာကြားတွင် တစ်ကြိမ်၊ သံပုရာရွာနှင့် အနန်းကွင်းရွာကြားတွင် တစ်ကြိမ် တပ်မတော်၏ ခလရ ၂၈၃ နှင့် KNLA ကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သာဝင်းထွန်း အပါ အဝင် အရာခံစစ် သည် ၇ ဦး ကျဆုံးခဲ့သည်။
 
#KNU
#တပ်မဟာ၆
#ဒူးပလာယာခရိုင
#ဥက္ကဋ္ဌ
#ပဒိုစောရွှေမောင်း
#တပ်မတော်
#KNLA
#ပစ်ခတ်မှု
#သေဆုံး
#လက်နက်ပြန်အပ်
#စစ်ရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန် --- https://cnimyanmar.com/index.php/political/politics-local/1922-2021-10-29-09-23-19