CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(အောက်တိုဘာ ၂၉ ရက်)မှာတော့ ကိုဗစ်ကာကွယ်ဆေး ထုတ်ရန် တရုတ်၊ ရုရှားတို့နဲ့ ဆွေးနွေးနေတယ်လို့ နစကဥက္ကဋ္ဌ က ပြောဆိုလိုက်တဲ့သတင်း ၊ မြန်မာနိုင်ငံဟာ အာဆီယံမိသားစုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဘရူးနိုင်း နိုင်ငံက ပြောဆိုလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

- ကိုဗစ်ကာကွယ်ဆေး ထုတ်ရန် တရုတ်၊ ရုရှားတို့နှင့် ဆွေးနွေးနေဟု နစကဥက္ကဋ္ဌပြော

- တပ်ရင်းမှူးကျဆုံးမှု စိတ်မကောင်းကြောင်း၊ လက်နက်များ ပြန်အပ်လိုက်သည်ဟု ပဒိုစောရွှေမောင်းပြော

- ဆောင်းခိုငှက်ဝင်ရောက်မှု ထက်ဝက်ခန့် လျော့ကျနေ

- မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံမှ ၁ ရက်တာ အလည်အပတ်ခရီး ဖွင့်ပေးရန် စီစဉ်နေ

- မြန်မာသည် ၎င်းတို့မိသားစုအစိတ်အပိုင်းဖြစ်ကြောင်း ထိပ်သီးအစည်းအဝေးအပြီး အာဆီယံပြောကြား

- ဘရာဇီးတွင် တိုင်းရင်းသားများကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှု ၆၁ ရာခိုင်နှုန်းတိုးလာ

- လျှို့ဝှက်ပေါက်ကြားမှုအကျပ်အတည်းများ ရင်ဆိုင်နေရချိန် Facebook က Meta ဟု အမည်ပြောင်း စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။