CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်းဘေး ဘယ်/ညာရှိ ကျူးကျော်တဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖယ်ရှားရန် ကြိုးပမ်းနေစဉ် စက်မှုဇုန်မှတ်တိုင်ထိပ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။

အနီးအနားရှိ ဆိုင်ကယ် ကယ်ရီသမားများက "စစ်ကားဝင်တော့ ဗုံးပေါက်တယ်၊ ပေါက်ပြီးတော့ ပစ်တာ"ဟု CNI သတင်းဌာနသို့ ပြောသည်။

ကျူးကျော်တဲတွင် နေထိုင်သူအမျိုးသမီးက "သူတို့ကိုပစ်လို့ ပြေးတာပါ"ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခုမြင်တွေ့ရသည့် ရုပ်သံမှာ ယနေ့(အောက်တိုဘာ ၂၈ ရက်)နံနက်က လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွား ကားလမ်းဘေး ဘယ်ညာက ကျူးကျော်တဲများကို ရှင်းလင်းစဉ် ဗုံးပေါက်၍ ပစ်ခတ်သံများ ကြားကာ ပြေးလွှားနေသည့် အခြေအနေများဖြစ်ပါသည်။