CNI International News
ဂျကာတာ၊အောက်တိုဘာ ၂၅
Covid-19 ကာကွယ်ဆေးထိုးနှံမှု ၇၀ ရာခိုင်နှုန်းနှင့်အထက်ရှိသော အင်ဒိုနီးရှားနိုင်ငံ၏အစိတ်အပိုင်းများဖြစ်သည့် ဒေသများအတွက် ချမှတ်ထားသော ကန့်သတ်ချက်များ ဖြည်းဖြည်းချင်း ပြန်လည်ဖြေလျော့ပေးမည်ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက အောက်တိုဘာ ၂၅ ရက် (ယနေ့) ကျင်းပသော အရှေ့တောင်အာရှစီးပွားရေးဖိုရမ်တွင် ပြောကြား ခဲ့ကြောင်း ရိုက်တာသတင်းကို ကိုးကားလျက် စထရိတ်တိုင်းမ်ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
အရှေ့တောင်အာရှနိုင်ငံများအနေဖြင့်လည်း Covid-19 ပိုးမတွေ့ရကြောင်း စစ်ဆေးခံယူပြီးသူများ၊ ကာကွယ်ဆေး ထိုးနှံပြီးသူများအတွက် ခရီးသွားလာမှုကန့်သတ်ချက်များကို အလားတူဖြေလျော့သင့်ကြောင်း ဂျိုကိုဝီဒိုဒိုက ဆက်လက် ပြောကြားခဲ့သည်။ အနာဂတ်ကျန်းမာရေးအကျပ်အတည်းများအတွက် မိမိတို့ ကြိုတင်ပြင်ဆင် ထားကြရန်နှင့် ဒေသတွင်း ပြုပြင်ပြောင်းလဲရေးများ အရေးကြီးကြောင်း ၎င်းက သတိပေးခဲ့သည်။
Source: The Strait Times
#အင်ဒိုနီးရှား
#ကိုဗစ်
#ပိုးတွေ့လူနာ
#ကာကွယ်ဆေးထိုးနှံမှု
#ကန့်သတ်ချက်များ
#ဘာလီကျွန်း
#အကြီးဆုံးစီးပွားရေးနိုင်ငံ
#cninews
#CNIMyanmar
#ChannelNewsIndependent
Website တွင်ကြည့်ရှုရန် - - - - - https://cnimyanmar.com/index.php/local-news/local-health/1856-2021-10-25-05-49-31