CNI သတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ညနေခင်းသတင်းအစီအစဉ်တွင် ယနေ့(အောက်တိုဘာ ၂၅ ရက်)မှာတော့ အာဆီယံထိပ်သီးအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တစ်ဦးထံ ဖိတ်ကြားလာပေမယ့် တက်ရောက်ဖို့ မသေချာသေးကြောင်း နစက မှ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောဆိုလိုက်တဲ့ သတင်း ၊ ဆူဒန်နိုင်ငံမှာ ထင်ရှားတဲ့ အရပ်ဘက်ခေါင်းဆောင်တချို့ကို စစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်းမှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးပါမယ်။

- အာဆီယံထိပ်သီး အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာနကိုဖိတ် တက်ရန် မဆုံးဖြတ်သေး

- ဟုမ္မလင်းတွင် CDM ဆရာမတစ်ဦး အပါအဝင် လူနှစ်ဦး အသတ်ခံရ

- စက်သုံးဆီစျေး မြင့်တက်နေသည့်အတွက် ဆားတောင်သူများ အခက်ကြုံ

- တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် ကွန်တိန်နာများကို ကရိန်းဖြင့်တင်ဆောင်ရန် မဖြစ်နိုင်ဟု ဆို

- ဆူဒန်နိုင်ငံတွင် ထင်ရှားသည့်အရပ်ဘက်ခေါင်းဆောင်တချို့ကို စစ်တပ်ဖမ်းဆီး

- ကိုလံဘီယာမူးယစ်ရာဇာ အော်တိုနီယယ်ကို အမေရိကန်သို့ တရားခံလွှဲပြောင်းပေးမည်

- ကာကွယ်ဆေးထိုးနှုန်းမြင့်ဒေသများအတွက် ဖြည်းဖြည်းချင်း ဖြေလျော့မည်ဟု အင်ဒိုနီးရှားပြော စသည့် သတင်းများကို တင်ဆက်ပေးထားပါသည်။