CNI International News
 
စင်ကာပူ၊ အောက်တိုဘာ ၂၄
 
စင်ကာပူနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ Covid-19 အခြေအနေများ တုံ့ပြန်ရန် နယ်စပ်အစီအမံများ ဆက်လက် ထိန်းညှိနေပြီး နောက် ခရီးသွားလာရေး ကန့်သတ်ချက်များကို အောက်တိုဘာ ၂၆ ရက်မှစတင်၍ ဖြေလျှော့ပေးမည်ဟု စထရိတ်တိုင်းမ် သတင်းစာ၏ ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
 
အဆိုပါ ခရီးသွား ကန့်သတ်ချက် ဖြေလျှော့မှုအရ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံများမှ ၁၄ ရက် ခရီးသွား ရာဇဝင်ရှိသူများ အပါအဝင် စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့် ပြန်ပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
 
Source: The Straits Times
 
#စင်ကာပူ
#ကျန်းမာရေးဝန်ကြီးဌာန
#ခရီးသွားခွင့်ပြု
#ကိုဗစ်ကန့်သတ်ချက်
#ဖြေလျှော့ပေး
#အာရှနိုင်ငံများ
#တောင်အာရှနိုင်ငံများ
#ခရီးသွားလုပ်ငန်း
#စီးပွားရေး
#နိုင်ငံတကာသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ကြည့်ရှုရန် - - - - - https://cnimyanmar.com/index.php/local-news/local-business/1842-2021-10-24-07-53-13