CNI International News
အစ္စတန်ဘူ၊အောက်တိုဘာ ၂၄
အကျဉ်းကျခံနေရသော ပရဟိတသမားတစ်ဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုကြသည့် နိုင်ငံခြားသံတမန် ၁၀ ဦးကို ပြည်တွင်းမှ ဖယ်ရှားရန် တူရကီသမ္မတ အာဒိုဂန်က အောက်တိုဘာ ၂၃ ရက်တွင် အမိန့်ပေးလိုက်ကြောင်း အေပီ သတင်း တစ်ပုဒ်တွင် တွေ့ရသည်။
အန်ကာရာမြို့ရှိ အမေရိကန်၊ ပြင်သစ်နှင့် ဂျာမန်သံတမန်များသည် ယခုလ အစောပိုင်းတွင် ထောင်ကျနေသည့် စီးပွားရေး သမားနှင့်ပရဟိတသမား အိုစမန်ကာဗာလာ အမှုကို အပြီးသတ် စီရင်ချက်ချရန်နှင့် ၎င်းကို ပြန်လွှတ်ပေးရန် ကြေညာချက် တစ်စောင် ပူးတွဲထုတ်ပြန်တောင်းဆိုခဲ့သည်။ ၎င်းသည် ၂၀၁၇ ခုနှစ်
ကတည်းက ထောင်ဒဏ်ကျခံနေရခြင်း ဖြစ်သည်။
Source: AP
#တူရကီနိုင်ငံ
#သမ္မတ
#အာဒိုဂန်
#နိုင်ငံခြား
#သံတမန်
#တိုင်းပြည်ကနှင်ထုတ်
#ကာဗာလာဖမ်းဆီးခံရ
#ပြည်တွင်းရေးစွက်ဖက်
#နိုင်ငံရေး
#နိုင်ငံတကာသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ကြည့်ရှုရန် - - - - - https://cnimyanmar.com/index.php/political/politics-local/1839-2021-10-24-07-39-07