CNI International News
 
ဝါရှင်တန်၊ အောက်တိုဘာ ၂၀
 
ပြီးခဲ့သည့် ဩဂုတ်လက အာဖဂန်နစ္စတန်နိုင်ငံတွင် အာဏာပြန်လည်ရရှိခဲ့သော တာလီဘန်များသည် အမေရိကန်နိုင်ငံ၌ အများဆုံးချုပ်ကိုင်ထားသော အာဖဂန်ဗဟိုဘဏ်မှ အရန်ငွေကြေးများကို ထုတ်ယူ သုံးစွဲနိုင်ခြင်းရှိမည်မဟုတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝေလီအဒီယဲမိုက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းကို ကိုးကား၍ အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။
 
“တာလီဘန်တွေအပေါ် ကျနော်တို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်ထားဖို့ မရှိမဖြစ်လိုအပ်တယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အာဖဂန်ပြည်သူတွေအတွက် တရားဝင်လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ နည်းလမ်းတွေ ရှာကြံရမှာဖြစ်ပါတယ်။ ဒါက ကျနော်တို့ လက်ရှိကိုင်တွယ်နေတဲ့ အရေးကိစ္စပါပဲ” ဟု ဝေလီ အဒီယဲမိုက အမေရိကန်အထက်လွှတ်တော်၊ ဘဏ်လုပ်ငန်းကော်မတီသို့ ပြောကြားခဲ့သည်။
 
Source: Reuters
 
#အာဖဂန်နစ္စတန်
#တာလီဘန
#လူသားချင်းစာနာမှု
#အာဖဂန်ဗဟိုဘဏ်
#အမေရိကန
#နိုင်ငံတကာအသိုင်းအဝိုင်း
#ဒဏ်ခတ်ပိတ်ဆို့မှု
#စီးပွားရေးအကျပ်အတည်း
#အရန်ငွေကြေး
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1772-2021-10-20-05-31-52