CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးစခန်းများကို သုံးလကြာ ပိတ်ထားပြီးနောက် ပြန်လည် ဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် အိန္ဒိယ ဈေးကွက်ဖြင့် ယှဉ်ပြိုင်နေရသည်ဟု ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးတင်အောင်ဦး က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများကို အောက်တိုဘာ ၁၃ ရက်က မြန်မာအစိုးရမှ ပြန်လည် ဖွင့်လှစ်ခဲ့သည်။သို့သော် သုံးလကြာ ပိတ်ထားခဲ့ခြင်းကြောင့် ကုန်သွယ်ရေးဈေးကွက်အချို့ ပျောက်ဆုံးနေသလို အိန္ဒိယ ဈေး ကွက်နှင့် ယှဉ်ပြိုင်နေရသည့်အတွက် ခက်ခဲနေသေးကြောင်း ရခိုင်ပြည်နယ်ရှိ ကုန်သယ်များထံမှ သိရသည်။
#မြန်မာနိုင်ငံ
#ဘင်္ဂလားဒေ့ရှ်နိုင်ငံ
#ရခိုင်ပြည်နယ်
#နယ်စပ်ကုန်သွယ်ရေးစခန်း
#အိန္ဒိယဈေးကွက်
#ယှဉ်ပြိုင်နေရ
#ကုန်သွယ်ရေး
#စီးပွားရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-business/1780-2021-10-20-08-22-09