CNI International News
 
ကဘူးလ် အောက်တိုဘာ ၁၉
 
အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်ထိပ်တန်းသံတမန် ဇယ်မေးခါလီဇက်သည် အာဖဂန်မှ အမေရိကန်တို့ ဆုတ်ခွာပြီး တာလီဘန်များ သိမ်းပိုက်၍ နှစ်လမပြည့်မီ ၎င်းရာထူးမှ နှုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။
 
ဇယ်မေးခါလီဇက်၏နေရာကို ၎င်း၏လက်ထောက်ဖြစ်သူအား အစားထိုးခန့်အပ်မည်ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အောက်တိုဘာ ၁၈ ရက်၌ ကြေညာချက်တစ်စောင် ထုတ်ပြန်၍ ပြောကြားခဲ့ပြီး အာဖဂန် မြေပေါ်တွင် ကျန်ရစ်ခဲ့သည့် အမေရိကန်အကျိုးစီးပွားများအတွက် ကာတာနိုင်ငံ၊ ဒိုဟာမြို့ရှိ အမေရိကန်သံရုံးမှ တစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
 
Source: Aljazeera
 
#အာဖဂန်နစ္စတန်
#တာလီဘန
#အမေရိကန်ထိပ်တန်းသံတမန်
#နိုင်ငံခြားရေးဝန်ကြီး
#နှုတ်ထွက်
#နိုင်ငံရေးအစီအစဉ်
#cninews
#CNIMyanmar
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1761-2021-10-19-10-36-40