CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် အကျဉ်းကျ ခံနေကြရသူ အကျဉ်းသား/သူ ၁၃၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သလို တရားစွဲဆို အမှုရင်ဆိုင် နေကြရသူ ၄၀၀၀ ကျော်ကိုလည်း အမှုရုပ်သိမ်းပေးလိုက်ကြောင်း နစက-က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်း ပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ် ဒဏ် များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ် မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ် ငြိမ်း သက်သာခွင့် ပြုလိုက်သည်ဟုလည်း ဆိုထားသည်။းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့်နိုင်ငံတော် တည် ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နစကဥက္ကဋ္ဌသည် အကျဉ်းသား/သူ ၁၃၁၆ ဦးကို ပြစ် ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။
#နစက
#လူသားချင်းစာနာမှု
#အကျဉ်းသား
#လွတ်ငြိမ်းချမ်းသာပေး
#အမှုရုပ်သိမ်းပေး
#ဒီမိုကရေစီ
#ထူထောင်ရေး
#နိုင်ငံရေး
#ပြည်တွင်းသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1731-2021-10-18-06-19-53