CNI International News
ရီယက်ဒ်၊ အောက်တိုဘာ ၁၃
ယီမင်နိုင်ငံ၊ မာရစ်ဒေသတောင်ပိုင်းတွင် ဆော်ဒီဉီးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ယီမင်သူပုန် ၁၃၀ ကျော် သေဆုံးကြောင်း ဆော်ဒီဦးဆောင်သည့်ညွန့်ပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၁၃ ရက်တွင် ပြော ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။
သို့သော် ၎င်းသူပုန်များက မဟာဗျူဟာကျသည့် မာရစ်မြို့တောင်ဘက် ၂၅ ကီလိုမီတာ (၁၆ မိုင်) အကွာတွင်ရှိသော ခရိုင်တစ်ခုကို သိမ်းပိုက်သွားခဲ့သည်။
ပြီးခဲ့သည့်လက မာရစ်ဒေသ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးကတည်းက အီရန်ကျောနောက်ခံပေးသည့် ဟူသီသူပုန်များ နှင့် အစိုးရသစ္စာခံတပ်သားများ ရာနှင့်ချီ၍ သေဆုံးခဲ့သည်။
Source: AFP, Bangkok Post
#ယီမင်
#ဟူသီသူပုန်
#ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့
#လေကြောင်းတိုက်ခိုက်
#သူပုန်များသေဆုံး
#စစ်ရေး
#နိုင်ငံရေး
#အိုးမဲ့အိမ်မဲ့
#နိုင်ငံတကာသတင်း
#CNImyanmar
#cninews
#ChannelNewsIndependent
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/political/politics-local/1648-2021-10-13-09-03-05