CNI News
 
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၃
 
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့နှင့် ပန်ဆောင်မြို့တို့ရှိ ဆေးရုံ များတွင် ဆရာဝန်များ မရှိသည့်အတွက် ခွဲစိတ်မှုအပိုင်းများ အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများက ဆိုသည်။
 
ပန်ဆောင်ဒေသခံ တစ်ဦးဖြစ်သူ ဒေါ်ခွန်နှင်းက “ကျမတို့ ဒီမှာလေ ဆေးရုံတော့ မပိတ်ဘူး။ ဒါပေမယ့်လို့ ဆရာဝန်တွေ မရှိ တော့ အခက်အခဲရှိတယ်။ ဆရာဝန်တွေကလည်း အောက်ပိုင်း(မုံရွာနဲ့တခြားမြို့ကြီးများကိုရည်ညွန်း)ကို သွားလိုက်တာ ပြန် မလာဘူး။ သူ့လက်အောက်က ဆရာ/ ဆရာမတွေတော့ ရှိတယ်။ သူတို့တွေလည်း ဆရာဝန်ရှိမှ လုပ်လို့ရတဲ့ဟာတွေ ရှိတယ် လေ။ ဆရာမတွေ တတ်နိုင်သလောက်တော့ လုပ်ပေးရှာပါတယ်။ ဒါပေမယ့်လို့ ခွဲစိတ်တာတို့ ဘာညာကြ‌တော့ ဆရာဝန် မရှိ ဘူးဆိုတော့ မြစ်ကြီးနားမှာပဲ ပြန်ဆင်းရတာပေါ့။ တချို့ကလည်း အိန္ဒိယဘက်မှာ။ ဒါပေမယ့်လည်း အိန္ဒိယဘက်က နီးပေ မယ့်လည်း လွယ်လွယ်ကူကူသွားလို့ မရဘူးပေါ့နော်။ ဒီလို အခက်အခဲတွေတော့ ရှိတယ်” ဟု ပြောသည်။
 
#နာဂဒေသ
#ဆေးရုံ
#ဆရာ၀န်မရှိ
#အခက်အခဲကြုံ
#ခွဲစိတ်ရေးလုပ်ငန်းများ
#သေဆုံးမှုများရှိနေ
#ကျန်းမာရေး
#လူမှုရေး
#ဖွံ့ဖြိုးမှုနိမ့်ကျ
#မြန်မာ
#CNImyanmar
#cninews
#ChannelNewsIndependent
 
Website တွင်ဖတ်ရှုရန်--- https://cnimyanmar.com/index.php/local-news/local-health/1643-2021-10-13-08-04-50